(၁၁)ကြိမ်မြောက် NCBAC နှီးနှောဖလယ်ပွဲ နှင့် ရဟန်းသိက္ခာတင်ပွဲ အောင်မြင်စွာကျင်းပပြီးစီး =============================================== July 8, 2022

kawl_ram_in_us_ih_puithiam_cannak_a_ngah_tu_an_si

(၁၁)ကြိမ်မြောက် NCBAC နှီးနှောဖလယ်ပွဲ နှင့် ရဟန်းသိက္ခာတင်ပွဲ အောင်မြင်စွာကျင်းပပြီးစီး

===============================================

July 8, 2022

နှစ်စဉ် ကျင်းပလေ့ရှိသော အမေရိကန်နိုင်ငံတစ်ဝန်းရှိ ၊အမေရိကန်နိုင်ငံလုံးဆိုင်ရာ မြန်မာ ကက်သလစ် ဘာသာဝင်များ၏ (၁၁) ကြိမ်မြောက် NCBAC နှီးနှောဖလယ်ပွဲ နှင့် ရဟန်းသိက္ခာတင်ပွဲကို အောင်မြင်စွာ ကျင်းပ ပြီးစီး နိုင်ခဲ့ပြီဖြစ်ပါတယ်။

ယခုနှစ် ကျင်းပသော (၁၁) ကြိမ်မြောက် NCBAC နှီးနှောဖလယ်ပွဲ နှင့် ရဟန်းသိက္ခာတင်ပွဲ ကို ၂၀၂၂၊ ဇူလိုင် ၊(၁ ရက်နေ့မှ ၄) ရက်နေ့အထိ Kentucky ပြည်နယ် Owensboroမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပ ခဲ့ပါတယ်။ ဤပွဲတော်အတွက် Owensboro သာသနာဆရာတော်ကြီး မှ အစစအရာရာ ကူညီပံ့ပိုးပေးတာဖြစ်ပါ တယ်။ ဇူလိုင်-၂ ရက်နေ့ စနေနေ့ တွင် မြန်မာပြည်ဖွား ဒီကင် မာတင်ဒိုင်မနားလိန် သည် Owensboro သာသနာ ဆရာတော်ကြီး William Medley’s ၏ လက်တော်မှ ထာဝရ ရဟန်းသိက္ခာတင်ခြင်းကိုခံယူပြီး ထိုအခမ်းအနား တွင် မြန်မာပြည်မှ ဆရာတော်ကြီးပြုံးချို နှင့် အတူ ဒေသခံ အမေရိကန်ရဟန်းဘုန်းတော်ကြီး အပါး (၆၀)ခန့် နှင့် ကိုရင်ကြီးများ၊သီလရှင်ကြီးများ အပြင် မြန်မာပြည်မှ အမေရိကားတွင် သာသနာ့ အမှုတော်ထမ်းဆောင်နေကြ သော မြန်မာရဟန်းဘုန်းတော်ကြီးများ၊ သီလရှင်များ နှင် ကိုရင်များလည်းလာရောက်ပါဝင်ခဲ့ကြပါသည်။ ပွဲတော်ဒုတိယနေ့ တွင် မြန်မာနိုင်ငံ ပြည်သာသနာမှ ကြွရောက်လာသော ဆရာတော်ကြီး Alexander ပြုံးချိုမှ ဦးဆောင်ကာ Owensboro သာသနာပိုင် ဆရာတော်ကြီး William Medley ၊ ရဟန်းသစ် နှင့်အတူ မြန်မာ ရဟန်းတော်များမှ NCBAC မစ္ဆားကို ပူဇော်ပေးခဲ့ကြပါသည်။ မစ္ဆားအပြီးတွင် NCBAC ဥက္ကဌ နှင့် ဒုဥက္ကဌတို့ မှ ကျေးဇူးတင်စကားပြောကြားကာ Owensboro သာသနာ ဆရာတော်ကြီး William Medley’s အားကျေးဇူးတင် ဂုဏ်ပြု လက်ဆောင်အဖြစ် မြန်မာပြည်မှ ပတ္တမြားကျောက်ပန်ချီကား (ယေဇူးရွှေနှလုံးတော်ပုံ)ဆက်သပြီး ဆရာ ဂျွန်စိုင်းလုံကိုလည်း ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြပါသည်။

ပွဲတော်သို့ ဆရာတော်ကြီး (၂)ပါး ရဟန်းဘုန်းတော်ကြီး အပါး(၇၀)ခန့် နှင့် ကိုရင်များ ၊သီလရှင်များ လာရောက်ပါဝင်ခဲ့ကြပြီး အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးမှ မြန်မာ ကက်သလသစ်ဘာသာသူ (၁,၈၀၀) ခန့်လာရောက်ပါဝင်ခဲ့ကြကြောင်းသိရှိရပါသည်။

ပွဲတော်ရက်များအတွင်း ဘာသာတူများအား ဆရာတော်ကြီးများ၊ရဟန်းတော်များနှင့် ဆရာဂျွန်စိုင်းလုံ တို့မှ ကက်သလစ် တရားဒေသနာတော်များ၊ ကက်သလစ် ယုံကြည်ခြင်းနှင့်ဆိုင်သည့် သွန်သင်ချက်များ၊အမေး အဖြေကဏ္ဍ ၊သိကောင်း စရာများကို ဟောပြောသွန်သင်ပို့ချပေးခဲ့ကြပါသည်။ ရဟန်းသစ် ဖါသာဒိုင်မနားလိန် အားဂုဏ်ပြု ကြိုဆိုခြင်း လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းအစီအစဉ် နှင့် ညပိုင်းတွင် တိုင်းရင်းသားရိုးရာ အကပဒေသာများ၊တေးသီချင်းများဖြင့် ဂုဏ်ပြုဖျော်ဖြေခြင်းနှင့် အတူ NCBAC idol သီချင်း သီဆိုပြိုင်ပွဲ များ လည်းကျင်းပပေးခဲ့သည့်အပြင် လူငယ်များအတွက် ဝိညာဉ်ရေး နှင့် ခေါ်တော်မှုခြင်းဆိုင်ရာ အထူးပို့ချချက်အစီ အစဉ်များ၊ ဘောလုံးပြိုင်ပွဲများကို အောင်မြင်စွာပြုလုပ်ပေးခဲ့ကြပါသည်။

စနေနေ့ (July-2,2022) တွင် နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့် NCBAC EC များ၏ ရှေ့ဆက်လုပ်ငန်းစဉ်များနှင့် ပြန်လည်သုံးသပ်ချက် စည်းအဝေးတရပ်ကိုလည်းပြုလုပ်ခဲ့ပါသည်။

ဒီပွဲတော်ကြီးဖြစ်ပေါ်လာပုံကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်...

နောင်တချိန်တွင်NCBAC ဖြစ်ပေါ်လာဖို့အတွက်

Fr. Steven မန်းသပွါး Fr. Steven အောင်ငဲ နှင့် ဆရာဂျွန်စိုင်းလုံတို့မှ 2008 လောက်မှအမေရိကန်ပြည်နယ်အသီးသီးသို့လှည့်လည်စည်းရုံးကြရင်း 2010 September လစန်း၌ပထမအကြိပ်ပွဲတော်ကြီးကို Pennsylvania state Harrisburg မြို့တွင်ကျင်းပခဲ့ပါတယ် ဒုတိရကြိမ်နှင့်တတိရကြိမ်ကိုလည်းထိုမြို့၌ပင်ကျင်ပခဲ့ကြပါတယ်။

၂၀၂၃ ခုနှစ်တွင်ကျရောက်သော (၁၂)ကြိမ်မြောက် NCBAC ပွဲတော်ကြီးကိုမူ တက္ကဆက်ပြည်နယ် ၊(Texas State)တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ကြားသိရပါသည်။

နှစ်အလိုက် ကျင်းပခဲ့သော NCBAC ပွဲတော်ကြီးများ...

2010, 2011, 2012 - Harrisburg (Pennsylvania)

2013 - Fort Wayne (Indiana)

2014 - Bawling Green - (Kentucky)

2015 - Atlanta (Georgia)

2016 - Buffalo (New York)

2017 - Rock Island (Illinois)

2018 - Battle Crerk (Michigan)

2019 - Harrisburg (Pennsylvania)

2022 - Owensboro (Kentucky)

#NB No celebration in 2020 & 2021 due to pandemic.

photos crd. : NCBAC, Owensboro diocese & Fr. Stephen

Add new comment

9 + 6 =